Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံကုန်းမြို့ နယ်၌ ကျေးလက်ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

27 December 23

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်စုသီတာလင်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာရေရရှိရေးကော်မတီဝင် အဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာလ ၂၆ရက်တွင် တော်ကူးအနောက်ကျေးရွာ၊ တောင်ကုန်းကျေးရွာ၊ အောက်ဆိပ်ကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ရွာသစ်ကျေး ရွာ၊တော်ပြာကျေးရွာတို့တွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မြေသားရေကန် အနက် နှိုက်ခြင်းနှင့် ဂါလံ(၅၀၀၀)ဆံ့အုတ်ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်း ၊ပြည်ထောင်စု(မွမ်းမံ)ရန်ပုံငွေဖြင့် ဆောင် ရွက်သည့် ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းတစ်ခု၊ တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် မြေသားရေကန အနက်နှိုက်ခြင်း နှင့် ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၅)ခု တို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေအဆင်ပြေစေရန် စနစ်တကျ ဝိုင်းဝန်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။