ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သုံးခွအနောက်ကျေးရွာတွင် ကျေးရွာနေပြည်သူများ လိုအပ်သော အရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(တတိယနှစ်)စက်ဝန်းလည်ပတ်နိုင်စေရေးအတွက် ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲက ချေးငွေထုတ်ချေးပေးခဲ့သည်။
ထို့နောက် လုပ်ငန်းအမျိုးအစား လေးမျိုးခွဲခြား၍ ချေးငွေအောင်သူ အသင်းသား ၂၀၅ ဦးသို့ စုစုပေါင်းငွေကျပ် ၃၅၃ သိန်းအား မြို့နယ် ကျေးလက်ဝန်ထမ်းများ ကြီးကြပ်၍ သုံးခွအနောက် ကျေးရွာ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ ဉက္ကဌ ဦးချစ်နန်းနှင့် အဖွဲ့ဝင်များက စီမံကိန်းစည်းကမ်းသတ်မှတ် ချက်များနှင့်အညီ စနစ်တကျ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့သည်။
အတိုးနှုန်းမှာ ငွေကျပ် ၁၀၀ လျှင် တစ်လ တစ်ကျပ် ပြား ၅၀ နှုန်းဖြစ်ပြီး ခြောက်လတစ်ကြိမ် အတိုးဆပ်၊ တစ်နှစ်ပြည့် အတိုးအရင်းဆပ် စနစ်ဖြစ်ကြောင်း သိရသည်။