Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘုတ်ပြင်းမြို့နယ် အေးချမ်မြိုင်(၁)ကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများစစ်ဆေး

26 December 23

ဘုတ်ပြင်းမြို့နယ်   ဒီဇင်ဘာ လ

          တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အေးချမ်းမြိုင် (၁) ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း (RBF) ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦး၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင် စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အေးချမ်းမြိုင်(၁)ကျေးရွာ၌ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ဖြင့် CPဝက်မွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ဆောင် ရွက် မှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက အခက်အခဲရှိမရှိ မေးမြန်းကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

        ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်(၁)ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း(RBF)ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် CP ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့နှစ်ဖွဲ့၊ ရာသီပေါ်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့နှစ်ဖွဲ့စုစုပေါင်းလေးဖွဲ့ကို တစ်ဖွဲ့လျှင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင် ခြင်းလုပ်ငန်းစီမံကိန်း(RBF)ရန်ပုံငွေ ၇၅ သိန်းစီ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ကို ထုတ်ချေးပေးထားကြောင်း သိရသည်။