Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်နေမှုအခြေအနေများအားကွင်းဆင်းစစ်ဆေး

22 December 23

ရန်ကုန်တိုင်းဒေသကြီး၊  ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာလ (၂၀)ရက်နေ့က၊မန်းကလိပ်ကျေးရွာအုပ်စု မယ်ဇလီဝကျေးရွာ၊ တော်ခရမ်းအနောက်ကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာနှင့် ဒေးဒနောကျေးရွာအုပ်စု ဒေးဒနောကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကိုတာဝန်ရှိသူများကကွင်းဆင်းကာ  ကြည့်ရှုစစ်ဆေးသည်။                                ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး  ဒေါ်စုသီတာလင်းက ကျေးရွာကွန်ကရစ်လမ်းဖြစ် မြောက်ရေးကော်မတီဝင်များနှင့်အတူ မယ်ဇလီဝကျေးရွာ၊ ဆိပ်ကြီးကျေးရွာ နှင့် ဒေးဒနောကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြေသားလမ်း အုတ်ဘောင်နှစ်ဖက်စီခြင်းလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို     ကြ​ည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရပ်မိ၊ ရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေ အနေများအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ အသုံးစရိတ်သုံးစွဲခဲ့မှု အခြေအနေများ ချပြရှင်းလင်း ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံး ဝိုင်းဝန်း ထိန်းသိမ်းကြရန်ရှင်းလင်း မှာကြားသည်

            ကွမ်းခြံကုန်းမြို့နယ် မန်းကလိပ်ကျေးရွာအုပ်စု မယ်ဇလီဝကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်( ၁၅)သန်း၊ ကျေးရွာပြည်သူ့ထည့် ဝင်ငွေကျပ်(၁.၇)သန်းဖြင့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းလမ်းအရှည်(၅၆၀)ပေ၊ အကျယ်(၁၂)ပေ၊ (၆)လက်မထု၊ တော်ခရမ်းအနောက်ကျေးရွာ အုပ်စု ဆိပ်ကြီးကျေးရွာ ကျေးရွာတွင်ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း  (VDP) ရန်ပုံငွေကျပ် (၁၅)သန်းနှင့် ကျေးရွာပြည်သူ့ထဲ့ဝင်ငွေကျပ် (၁.၆)သန်းဖြင့်ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းလမ်း အရှည် (၅၆၀)ပေ၊ အကျယ်(၁၂)ပေ၊ (၆)လက်မထုနှင့်ဒေးဒနောကျေးရွာအုပ်စု ဒေးဒနောကျေးရွာတွင် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံ ငွေကျပ်(၁၅)သန်း ပြည်သူ့ထည့်ဝင်ငွေကျပ် (၁၆.၅)သန်း တို့ဖြင့်မြေသားလမ်း အုတ်ဘောင်နှစ်ဖက်စီခြင်းလုပ်ငန်းအား  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ အင်ဂျင်နီယာ၏ နည်းပညာ ကူညီပံ့ပိုးမှု  အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာပြည်သူလူထု ကိုယ်တိုင် အောက်တိုဘာလ (၁၇)ရက်နေ့မှ  စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။