ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPဖြင့် မငေးအလယ်ကျေးရွာအုပ်စု၊ ကွန်တာ ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဒီဇင်ဘာ၁၉ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများကို ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းရာတွင် သတ်မှတ်စံချိန်၊စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရန်နှင့် ရေရှည်တည်တံ့ စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်ပြောကြားသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း(၁၅၀)နှင့်ကျေးရွာပြည်သူ့ထည့်ဝင်ငွေကျပ်(၁၅)သိန်း စုစုပေါင်းငွေကျပ် (၁၆၅)သိန်းဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ အနီးကပ်ပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာ သားများကိုယ်တိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ယင်းလမ်းမှာ အရှည်ပေ ၄၃၀၊ အကျယ် ၁၂ပေ၊ထု ၈လက်မ ရှိပြီး၊ လက်ရှိတွင် ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။