Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထန်းတပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခြင်း

22 December 23

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည် နှင့် တာဝန်ရှိသူများမှ အညာစုကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း၁၅၀နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁ဒဿမ ၈၄သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း လမ်းအရှည်ပေ၁၅၀၀၊ အကျယ်၄ပေ၊ ဒု ၆လက်မခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် မရွှေဉကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း၁၅၀နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁ဒဿမ ၆၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းလမ်းအရှည်ပေ၈၀၀၊ အကျယ် ၈ပေ၊ ဒု၆လက်မခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။