ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့်ဝန်ထမ်းအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၃၇ ဒသမ ၆ သိန်းဖြင့် မြတ်ကောင်းကင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် စခန်းကြီးကျေးရွာ ရေကန်အား ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။