Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သန်လျင်မြို့နယ်ကရင်ဆိပ်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာ ဆောင်ရွက်လျက်ရှိသည့် သတင်း

22 December 23

သန်လျင်ခရိုင် သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦ:စီ:ဌာနက ၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်မှ စတင်ကာ ခေတ်မီစံပြကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။အဆိုပါကျေးရွာတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်း၊လူနေမှုအဆင့် အတန်းမြင့်မားလာစေရန် ဆောင်ရွက်ခြင်း၊သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများ၊နည်းပညာများ ပံ့ပိုးပေး ခြင်း၊ကျေးလက်စီ:ပွားရေး မြင့်မားလာစေရန် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိစေသော နေချင့်စဖွယ် စံပြကျေးရွာ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာစီမံကိန်းကို ဆောင်ရွက်ပေးခဲ့ ခြင်း ဖြစ်သည်။

          ယခုအခါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ဆန်စက်ဘေးလမ်း၊စွယ်တော်လမ်းသွယ်(၁)(၂) နှင့် ဆေးခန်းဘေးလမ်းတို့အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများနှင့် အမှိုက်ကန်တည်ဆောက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိသည်။ယင်းခေတ်မီစံပြကျေးရွာစီမံကိန်းဆောင်ရွက်လျက်ရှိသည့် သန်လျင် မြို့နယ် ကရင်ဆိပ်ကျေးရွာရှိလုပ်ငန်းများကို သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦ:စီ:ဌာန ခရိုင်ဦ:စီးမှူး ဒေါ်စိုးစိုးမြင့်၊မြို့နယ်ဦ:စီ:မှူး ဒေါ်မြတ်မြတ်မော်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်း စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီ:စီ:ရေး ကျေးရွာတာဝန်ရှိသူများကို ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။