သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများ အမြန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။
သန်လျင်မြို့နယ်သူဌေးကွင်းကျေးရွာတွင်တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တော်ဝင်နန်းထိုက် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်လျက်ရှိသောကျေးလက်ကုန်ထုတ် ဂဝံလမ်းခင်းကျင်းဆောင်ရွက်နေမှု ကို သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊သန်လျင် မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြရာ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။အဆိုပါ ကျေးလက်ကုန်ထုတ်ဂဝံလမ်းဆောင်ရွက်ပြီးစီးပါက ရာသီပေါ် သီးနှံများ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သယ်ယူရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။