Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ် ပုလဲကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံနှင့် အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုစစ်ဆေး

22 December 23

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် Sein Tan Tine Co.ltd မှ ပုလဲကျေးရွာတွင် စက်ရေတွင်း၊ လေးလက်မခွဲပိုက်၊ ပေ ၆၀၀ တူးဖော်ခြင်း၊ ရေစက်ရုံ(၁၀’၈’၈’)နှင့် (၁၀’၁၀’၄’) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          လုပ်ငန်းခွင်သို့ သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်နှင့်အင်ဂျင်နီယာအဖွဲ့၊ သုံးခွမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချို၊ တာဝန်ခံ အင်ဂျင်နီယာ အဖွဲ့တို့သည် ဒီဇင်ဘာ ၂၀ ရက် ညနေ ၃ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းကို အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ရက်ပြီးစီးစေ ရေး စေတနာအလေးထား လုပ်ဆောင်ကြရန်နှင့် ကျေးရွာရေကော်မတီများအား လုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီး ပါက အိမ်ခြေ ၁၁၂၀၊ လူဦးရေ ၄၂၉၀ တို့ သောက်သုံးရေဖူလုံစွာရရှိမည်ဟု သိရသည်။