Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

20 December 23

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်  ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ် ဓနုတ်စံပြကျေးရွာအုပ်စု ဓနုတ်စံပြကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း စံချိန်စံညွှန်းအတိုင်း ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးပါက ရေရှည်လမ်းအသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်ရေး နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ဒလမြို့နယ် ဓနုတ်စံပြကျေးရွာအုပ်စု ဓနုတ်စံပြကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၅ ဒသမ ၀၀ သန်း ၊ ပြည်သူ ထည့်ဝင်ငွေ ကျပ် ၃ ဒသမ ၂၂ သန်း ၊ စုစုပေါင်းငွေကျပ် ၁၈ ဒသမ ၂၂ သန်းဖြင့် အောင်သပြေလမ်း အရှည်ပေ ၄၆၀ ၊ အကျယ်ပေ ၁၀ ၊ အမြင့် ခုနှစ်လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက  ကျေးလက်နေပြည်သူများ လမ်းပန်းဆက် သွယ်ရေး၊ ကျန်းမာရေး ၊ ပညာရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သိရ သည်။