ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းအား ပြင်ပပညာရှင်များဖြင့် ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးမြေနေရာတွင် ဒီဇင်ဘာလ(၈)ရက်နေ့၌ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ပဲခူးမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပါသည်။
ရှေးဦးစွာ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုဆိုင်ရာ ပန်းရံသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ သင်တန်း ဖွင့်လှစ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းကာလအတွင်း သင်ကြား ချက်များအား သင်တန်းသားသူများအနေဖြင့် ဂရုတစိုက်လေ့လာသင်ကြားစေလိုကြောင်း ဆွေးနွေး မှာကြားပါသည်။
သင်တန်းတွင် နည်းပြဆရာမှ သင်တန်းကာလအတွင်း သင်ကြားသွားမည့် ဘာသာရပ် များအား ရှင်းလင်းပြောကြားခဲ့ပြီး ပန်းရံသင်တန်းတွင် အသုံးပြုဆောင်ရွက်သွားမည့် သင်ထောက်ကူ ပစ္စည်းဖြင့် မိတ်ဆက်သင်ကြားပို့ချလျက်ရှိပါသည်။
ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးမြေနေရာတွင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ရာ ပန်းရံသင်တန်းအား ပဲခူးမြို့နယ်အတွင်းရှိ နီးစပ်ရာကျေးရွာများမှ သင်တန်းသား(၂၀)ဦးဖြင့် သင်တန်းကာလ(၂၀)ရက် ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအနေဖြင့် မိသားစုအပိုဝင်ငွေအား တစ်ဖက်တစ်လမ်းမှ ရှာဖွေနိုင်ပြီး အထောက်အကူပြုစေမည်ဖြစ်ပါသည်။