Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာ၌ VRFP စီမံကိန်းလုပ်ငန်းများစစ်ဆေး

18 December 23

သရက်ချောင်း ဒီဇင်ဘာ

          တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဝင်းဝကျေးရွာ၌ ကျေးရွာမတည်ရန်၌ငွေ စီမံကိန်း(VRFP)လုပ်ငန်းများ‌ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်း က တာဝန်ယူရှိများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ ဝင်းဝကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိ ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဝင်းဝကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပဥ္စမနှစ်စက်ဝန်းအဖြစ် အသင်းသား အသင်းသူ ၁၀၃ ဦးက စီမံကိန်းရန်ပုံငွေ ကျပ် ၂၉၄ သိန်းဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများ လည်ပတ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က ပြောပြ၍ သိရသည်။