ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ကတုံးပေါ်အလယ်ကျေးရွာတွင် ဇော်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ယူ၍ (နှစ်မိုင် ငါး ဖာလုံ X ၁၂ ပေ X ကိုးလက်မ ကုန်ထုတ်ဂဝံလမ်းခင်းခြင်း၊(၂၂ ပေ X ငါးပေ သုံးလက်မ X ခုနစ်ပေ ကိုးလက်မ) Slab Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ လုပ်ငန်းခွင်သို့ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချို တာဝန်ခံအင်ဂျင်နီယာ နှင့်အဖွဲ့သည် ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာ၊ ကျေးရွာလမ်းကော်မတီတို့နှင့်အတူ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။