Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထားဝယ်မြို့နယ် အလယ်ကုန်းကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

18 December 23

ထားဝယ် ဒီဇင်ဘာ ၁၅

  တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာ၁၄ ရက် နံနက်ပိုင်းက ကနိုင်းဒါကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

          ရှေးဦးစွာထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထက်အောင်က အမှာစကားပြောကြားသည်။

          ဆက်လက်၍ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်ယဉ်ပြုံးပြုံးအောင်က သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချပေးသော အခြေခံစက်ချုပ် သင်တန်း နှင့်ပတ်သက်သည့် အသိပညာအတက်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့ နယ်ပယ်တွင် အကျိုးရှိရှိအသုံးချကာ မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် ခရိုင်ဦးစီးမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းထူးချွန် ဆုနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ကြသည်။

          အဆိုပါ အလယ်ကုန်းကျေးရွာရှိ သင်တန်းသူ ၁၃ ဦးတက်ရောက်ပြီး သင်တန်းတွင် အခြေခံ လက်ချုပ်၊ စက်ချုပ်၊လုံချယ်ချုပ်နည်း၊ ကြယ်သီးဖောက်နည်း၊ ကလေးဘောင်ဘီး၊ ကလေးအင်္ကျီ၊ အမျိုးသမီး ရင်ဖုံးအင်္ကျီစသည့် အခြေခံစက်ချုပ်နည်းမျိုးမျိုးကို ကျွမ်းကျင်နည်းပြ ဆရာများက စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် အောက်တိုဘာ ၁၄ ရက်နေ့မှ ဒီဇင်ဘာ ၁၄ ရက်နေ့ ထိ နှစ်လကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။