ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တိုင်းဒေသကြီးရန်ပုံငွေ (ကျေးရွာတစ်ရွာလျှင်လုပ်ငန်းတစ်ခုအတွက်)ကျပ်၂၅၅ ဒသမ ၈သိန်းဖြင့် Happy Golden Land Co..Ltd.က ဝါးရုံကန်ကျေးရွာနှင့် ကမာကလုတ်ကျေးရွာတို့ ၌ သောက်သုံးရေအခက်အခဲမရှိ၊ ရေရရှိသုံးစွဲနိုင်ရေးအတွက်စက်ရေတွင်း၊ တွင်းနက်တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
လုပ်ငန်းခွင်သို့ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၂ရက် မွန်းတည့်၁၂နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လို အပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ထို့ပြင် ကမာချိုက်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေကျပ် ၁၇၆ဒသမ၅သိန်း၊ ပြည်သူထည့် ဝင်ငွေကျပ် ၂၉ဒသမ၅သိန်း စုစုပေါင်းကျပ် ၂၀၆သိန်းဖြင့် ပေ၂၀×၁၂ပေ×၇ပေ ရွာတွင်းအုတ်ခုံခံ ကွန်ကရစ်တံတားတည်ဆောက်ပြီးစီးနေမှုကို စစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့ရေးဝိုင်းဝန်းထိန်းသိမ်း ကူညီစောင့်ရှောက်ကြရန် ကျေးရွာလမ်းကော်မတီနှင့် ရပ်မိရပ်ဖများကို မှာကြားခဲ့ကြောင်းသိရသည်။