Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မတ်ခံကျေးရွာ VDPစီမံကိန်းဖြင့် ဘက်စုံသုံးခန်းမ ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီး

15 December 23

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ် မတ်ခံကျေးရွာ၌ VDPစီမံကိန်းဖြင့် ကျေးရွာဘက်စုံသုံးခနးမ ဆောက်လုပ်ပြီးစီးမှုကို တာဝန်ရှိသူများက ဒီဇင်ဘာလ၆ရက်တွင် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် မတ်ခံကျေးရွာ ဘက်စုံသုံးခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်းပြီးစီးမှုကိုစစ်ဆေးကြပြီး ရေရှည်အသုံးပြုနိုင်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား မှာကြားကာ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

တန့်ယန်းမြို့နယ်မန်ကတ်ကျေးရွာအုပ်စု၊ မတ်ခံကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP၊ ရန်ပုံငွေ ကျပ် ၁၅သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၇သန်း စုစုပေါင်းငွေကျပ် ၂၂သန်းဖြင့် ဆောင်ရွက်သည့်ကျေးရွာ ဘက်စုံသုံးခန်းမသည် အလျား၄၅ပေ၊ အကျယ်ပေ ၃၀၊ အမြင့် ၁၂ပေရှိပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ယခုစက်တင်ဘာလ ဒုတိယပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။