ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၄ရက် မွန်းလွဲ ၂နာရီတွင် ၂၀၂၃-၂၀၂၄ခု
ဘဏ္ဍာရေးနှစ်အတွင်း တာဝန်ယူဆောင်ရွက်နေသော (၂/၀ မိုင် x ၁၂ ပေ x ၀.၉ပေ) ကုန်ထုတ်
ဂဝံလမ်း၊ (၁၂ပေ x ၁၄ ပေ) တံတားနှစ်စင်း၊ (၆ပေ x ၂၀ပေ) Box Culvert (၅)စင်းတို့ကို ကွင်းဆင်း
ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းသို့ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့်အဖွဲ့သည်
အဆိုပါလုပ်ငန်းများကို အရည်အသွေးပြည့်ဝအောင် ဆောင်ရွက်သွားရန်နှင့် အချိန်မီပြီးစီးရေး
ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ပြီး ကျေားရွာအုပ်ချုပ်ရေးမှူး၊ ကော်မတီဝင်များနှင့် လိုအပ်
သော ပေါင်းစပ်မှုများ ညှိနှိုင်းမှာကြားခဲ့ပါသည်။