မအူပင် ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် နတ်စဉ်ကျေးရွာအုပ်စု၊
ကံကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီး
ဦးဆောင်သောအဖွဲ့မှ ၁၁.၁၂.၂၀၂၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီး
နှင့် အင်ဂျင်နီယာများအဖွဲ့သည် ကံကုန်းကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ လမ်းအရှည် ၁၁၈၀ ပေ၊ လမ်းအကျယ် (၂.၅+၂.၅) ပေ၊ အမြင့် ၆ လက်မထုဖြင့်ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
ပြီးစီးမှု၊ အမှိုက်ကင်းစင် ကျေးရွာဖြစ်ရေးတစ်စမြင်တစ်စကောက်စနစ်ကျင့်သုံးဆောင်ရွက်ရန်နှင့် Mobile Solar ရေသန့်စင်စနစ်ဆောင်ရွက်မည့်အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကွန်ကရစ်ဘီးလမ်းရေရှည်အသုံးပြုနိုင်
ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ အပါအဝင် ကျေးရွာသူကျေးရွာသားများမှ စုပေါင်းထိန်းသိမ်းကြရန်ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအားမှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။အဆိုပါ ကံကုန်းကျေးရွာ၌ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကိုနိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်(၁၅.၀) သန်းနှင့် ကျေးရွာမှ ပြည်သူထည့်ဝင်လှူဒါန်းငွေကျပ်(၃.၀)သန်း
စုစုပေါင်းငွေကျပ် (၁၈.၀) သန်းဖြင့် မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ် စောင့်ကြည့်ကြီးကြပ်မှုများနှင့် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင်စက်တင်ဘာလ
စတုတ္ထအပတ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာလုပ်ငန်း(၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊အဆိုပါ လုပ်ငန်းပြီးစီးပြီဖြစ်ပါသဖြင့် ကျေးရွာရှိအိမ်ထောင်စု (၈၀) စု၊ လူဦးရေ (၈၀)ဦးတို့မှာ လမ်းပန်းဆက်သွယ်ရေး ပိုမို
အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်သာမက ကျေးလက်နေပြည်သူများ၏ စည်းလုံးညီညွှတ်မှု၊ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်များ၊ လုပ်ငန်းအပေါ်စီမံနိုင်မှုများ၊ မိမိရပ်ရွာအတွက် ဖွံ့ဖြိုးမှုလိုလားသော ကျေးလက်ဖွံ့ဖြိုးရေး
စိတ်ဓါတ်များယခင်ထက်တိုးပွားလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။