သန်လျင်ခရိုင် သန်လျင်မြို့နယ် ကျောင်းကံကွင်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရန်ပုံငွေကျပ် ၁၅သန်း၊ကျေးလက်ပြည်သူ့ထည့်ဝင်ငွေ ကျပ် ၂ဒသမ၄သန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အရှည်ပေ၇၂၀၊အကျယ်၁၀ပေ၊ဒု ခြောက်လက်မ ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုကို ဒီဇင်ဘာ၅ရက်က သန်လျင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးပြီးကွန်ကရစ်လမ်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ရေရှည်ထိန်းသိမ်းဆောင်ရွက်ရေးတို့အတွက် ကျေးရွာ လမ်းကော်မတီများအား ဆွေးနွေးမှာကြားသည်။
အဆိုပါ သန်လျင်မြို့နယ်ကျောင်းကံကွင်း ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးကွန်ကရစ်လမ်းပြီးစီးသွား ပါက ကျေးလက်နေပြည်သူများ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်ပြီး ကျေးလက်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။