ဒီဇင်ဘာလ ၈ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ပိုးစုကြီးကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် မိုးရေလှောင်ကန် (20’ dia x 13’)အား ရန်ပုံငွေ (၁၇.၀၀) ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း(၁၀၀%)ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းနှင့် တာဝန်ခံဝန်ထမ်းများမှ (၀၈.၁၂.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။