ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီးပြည်သူများသွားလာရေးအဆင်ပြေစေရန်ကြူတော၊ ကမာချိုက် ကျေးရွာတို့တွင် ရွာတွင်း ကွန်ကရစ်လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ပါသည်။
လုပ်ငန်းခွင်သို့ မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့်ဝန်ထမ်းအဖွဲ့သည် ဒီဇင်ဘာ ၁ရက် နံနက်၁၀နာရီက ကြူတောကျေးရွာ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၂၀၊ စုစုပေါင်းကျပ်သိန်း ၁၇၀ဖြင့် (၈၇၀'×၈'×၆") မြစိမ်းရောင်အတိုးရငွေကျပ်သိန်း ၁၄၀ဖြင့် (၅၇၅'×၁၀'×၆") ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုကိုစစ်ဆေးပြီး လမ်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများအား လမ်းကို အကျိုးရှိစွာအသုံးပြုရန်နှင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြား ခဲ့သည်။
ထို့ပြင် ကမာချိုက်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ ၁၇၆ဒသမ၅သိန်း၊ ပြည်သူထည့်ဝင်ငွေ ၂၉ဒသမ၅သိန်း စုစုပေါင်းကျပ်၂၀၆သိန်းဖြင့် (၂၀'×၁၂'×၇') ရွာတွင်းအုတ်ခုံခံကွန်ကရစ်တံတားတည် ဆောက်နေမှုကိုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ရက်ပြီးစီးစေရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။