Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲကျင်းပ ((၁.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြား၊မြို့တော်သတင်းစာ၊မြဝတီသတင်းစာ)

01 December 23

မိုးညှင်းမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲကျင်းပ ((၁.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြား၊မြို့တော်သတင်းစာ၊မြဝတီသတင်းစာ)

မိုးညှင်း၊ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့မှာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲကို နို၀င်ဘာ ၃၀ရက်နေ့ နံနက် ၁၀ နာရီ က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာသင်တန်းဆင်းပွဲတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ကအဖွင့်အမှာစကားပြောကြားရာတွင်[L1]   ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းကာလနှစ်လတာ အတွင်း အသိပညာဗဟုသုတများတိုးပွားလာပြီး အင်္ဂလိပ်စကားလုံးအသုံးအနှုန်းအသစ်များ ရရှိခြင်း၊ Grammer ပိုင်းဆိုင်ရာ အသိပညာများတိုးပွားလာခြင်း ၊အင်္ဂလိပ်စကားပြောအသုံးအနှုန်းများကို ဆက်လက်လေ့လာဆည်းပူးကြရန်နှင့် ဘယ်ဘာသာရပ်မျိုးကိုမဆိုလေ့လာကြိုးကြားအားထုတ်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက်သင်တန်းတွင်သင်ကြားပို့ချပေးခဲ့သည့်ဆရာဦးအောင်မင်းသူအား ခရိုင်ဦးစီးမှူးက အမှတ်တရ လက်ဆောင်ချီးမြှင့်ပြီး တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူ များနှင့် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံများရိုက်ကူးကြကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ခရိုင်ကြီးကြပ်မှုအောက်ရှိ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ (၁၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် အောက်တိုဘာ ၂ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ နှစ်လ ကြာဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

(၁.၁၂.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြား နံနက်(၉)နာရီပြည်တွင်းသတင်းတွင်လည်းကောင်း၊ (၁.၁၂.၂၀၂၃)ရက်နေ့ထုတ် မြဝတီသတင်းစာ(စာမျက်နှာ-၄/ကော်လံ-၅/၆)တွင်လည်းကောင်း၊ (၁.၁၂.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ(စာမျက်နှာ-၈/ ကော်လံ-၃/၄)တွင်လည်းကောင်း ပါရှိသည်။


 [L1]