Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူတောင်ကျေးရွာ ကုန်ထုတ်လမ်း ဂဝံခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

04 December 23

                သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်လာ‌စေရေးအတွက် လယ်ယာ၊ သားငါး၊ အထောက်အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အဆိပ်တောင်ကျေးရွာအုပ်စု ကူတောင်ကျေးရွာ ကုန်ထုတ်လမ်းဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာ များမှ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

                ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ကူတောင်ကျေးရွာ ကုန်ထုတ်လမ်းဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို    ကြည့်ရှုစစ်ဆေးပြီး ကျေးရွာလမ်းဖြစ် မြောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံနှင့် တွေ့ဆုံခဲ့ရာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန်တာဝန်ရှိသူများကို ဆွေးနွေးမှာကြားပါသည်။

               ဆက်လက်၍ မြို့နယ်ဦးစီးမှူးမှ ကုန်ထုတ်လမ်းဂဝံခင်းခြင်းလုပ်ငန်းအား ကူတောင်ကျေးရွာ သူ/သားများမှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းများသတ်မှတ်ချိန် ကာလအတွင်းပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားရန် ကုမ္ပဏီတာဝန်ခံအား မှာကြားခဲ့ပါသည်။

                  ကူတောင်ကျေးရွာ ကျေးရွာကုန်ထုတ်လမ်းဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုမှာ လမ်း အရှည် (၁/၂)မိုင်၊ အကျယ် ၁၂ပေ၊ အမြင့် ၉လက်မရှိ ဂဝံခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ ၃၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ပိုမိုထိရောက်စွာ အကျိုးပြု စေမည်ဖြစ်ပါကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများတင်ပို့ရာတွင် အချိန်တိုအတွင်းမြန်ဆန်စွာ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ပါသည်။