Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မော်လမြိုင်ကျွန်းမြို့နယ် ကဇောင်းဖျားကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

29 November 23

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ကဇောင်းကျေးရွာအုပ်စု၊ ကဇောင်းဖျားကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား နိုဝင်ဘာလ ၂၇ရက် နံနက်ပိုင်းက လပွတ္တာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မိုး၊ မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဦးခန့်ဇင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်း အဖွဲ့များနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား တိုင်းတာစစ်ဆေးခဲ့ပြီးနောက်  ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မိုးမှ လမ်းရေရှည် အသုံးပြုနိုင်ရေးအတွက် လည်ပတ်ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုမှာ ကြားခဲ့သည်။

          ကဇောင်းဖျားကျေးရွာတွင်းကွန်ကရစ်လမ်းသည် အရှည်ပေ ၁၄၆၀ပေ အကျယ် ၄ပေ ထု ၆လက်မဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၃၀ဖြင့် စက်တင်ဘာလ ၄ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၁၂၁စု၊ လူဦးရေ ၅၉၀ဦးတို့၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။