ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့်တာဝန်ရှိသူများသည် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့်တာဝန်ရှိသူများသည် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းနှင့်ဝန်ထမ်းများ လိုက်ပါလျက် ဒလမြို့နယ် ညောင်ပင် ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်စီမံကိန်း(VDP)ကွန်ကရစ်လမ်းအရှည် ပေ၇၀၀၊ အကျယ် ၁၀ပေ ၊အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးကာ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ကွန်ကရစ်လမ်းခင်းပြီးပါက ရေရှည်ထိန်းသိမ်းရေးတို့ကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
အဆိုပါ ဒလမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာ အရှေ့ဘက် ကွန်ကရစ်လမ်း အရှည်ပေ ၇၀၀၊ အကျယ် ၁၀ပေ ၊အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းကြီးအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းထောက်ပံ့ငွေကျပ် ၁၅ သန်း ကျေးလက်နေပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၁၄ သန်းဖြင့် စုစုပေါင်းကျပ် ၁၇ ဒသမ ၁၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးလက်နေပြည်သူများ ကျန်းမာရေး စီးပွားရေးနှင့် လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း သိရသည်။