Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်ကြီးမြို့နယ် ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် AVIP ဖြည့်သွင်းနည်းသင်တန်းဖွင့်လှစ်

15 November 23

တောင်ကြီးမြို့နယ် ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် AVIP ဖြည့်သွင်းနည်းသင်တန်းဖွင့်လှစ်

 
======================================================================================================
 
တောင်ကြီး နိုဝင်ဘာလ ၁၅ ရက်
 
========================
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီး ခရိုင်၊‌ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်တွင် ပြည်ထောင်စု / ပြည်နယ် ခွင့်ပြု ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထပ်တိုး အကောင် အထည် ဖော်ဆောင်ရွက်မည့်   ကျေးရွာ(၆)ရွာမှ ကော်မတီဝင်များအား  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) စီမံချက် ရေးဆွဲ နည်းသင်တန်း နှင့် AVIPဖြည့်သွင်းနည်း သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
 
ရှေးဦးစွာ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်သိင်္ဂီ က  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍  စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးသက်တင်  နှင့် ဝန်ထမ်းများက  သင်တန်းတွင် လူဦးရေနှင့် အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ သယံဇာတပြမြေပုံရေးဆွဲနည်း၊ ရာသီခွင့်ပြ ပြက္ခဒိန် ရေးဆွဲနည်း၊ AVIP ပုံစံများ ဖြည့်သွင်းနည်း၊လုပ်ငန်းပြီးစီးမှု အစီရင်ခံစာ တင်ပြခြင်း နှင့် မှတ်တမ်း ထိန်းသိမ်းနည်း စသည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။ 
 
အဆိုပါ  သင်တန်းကို  ယခုဘဏ္ဍာနှစ်တွင် ‌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)  ထပ်တိုး အကောင်အထည်ဖော်ဆောင်ရွက်မည့် ထီခွကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ပင်ငိုကျေးရွာ၊ကျောင်းနားကျေးရွာ၊ ဝင်းယ (အရှေ့) ကျေးရွာ၊ တခေါမွူး ကျေးရွာ စုစုပေါင်း ကျေးရွာ(၆)ရွာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်း၊AVIP ဖြည့်သွင်း နည်းများ နှင့် ပက်သက်သည့် သင်ခန်းစာများကို (၅)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 
 
 
                                                                                                                                                                                                                                                                        မောင်ခိုင်
                                                                                                                                                                                                                                                                 ရှမ်းတောင် ကျေးလက်