Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ရေရှိရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

22 November 23

ကော့သောင်း နိုဝင်ဘာ ၂၁

         ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အောက်ကြပ်(၂)ကျေးရွာလက်တူတွင်းတူးဖော် ခြင်းလုပ်ငန်းနှင့်(၁၅)မိုင် ကျေးရွာစိမ့်စမ်းရေသွယ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့တွင် ခရိုင်းဦးစီးမှူးနှင့် အင်ဂျင်နီယာဝန်ထမ်များ၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု့ရာ ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီများနှင့်တွေ့ဆုံပြီး ရေအလေ အလွင့်မရှိစေရေး၊ရေရှည်အသုံးပြုနိုင်ရေးအတွက် မှာကြားဆွေးနွေးသည်။

          အဆိုပါ ကျေးရွာ(၂)ရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက အိမ်ခြေ ၂၄၂ အိမ်၊ လူဦးရေ ၁၃၆၂ ဦးနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များပါ သန့်ရှင်းသောသောက်သုံးရေး ဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။