Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မံစီမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ခြင်း

19 November 23

မံစီမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ခြင်း

===========================================================

   ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မံစီမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပို့ချခြင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မံစီမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

  ရှေးဦးစွာ မံစီမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးသန်းက မံစီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကို (၁)ရွာလျှင် ငွေကျပ်(၃၀၀)သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်တန်းတွင် သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာဖြင့် မှတ်သားလိုက်နာ၍ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

   အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းသို့ မံစီမြို့နယ်အတွင်းရှိ မံဝိန်းလေး၊ တုံပလွေ ကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း သင်တန်းသားဦးရေ ၃၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ငွေစာရင်းဆိုင်ရာရေးဆွဲနည်း၊ ငွေစာရင်းထိန်းသိမ်းနည်းသင်ခန်းစာများကို ကျွမ်းကျင်နည်းပြများက (၁)ရက်တာ စာတွေ့လက်တွေ့အခမဲ့သင်ကြားပို့ချပေးခဲ့ပါသည်။