တောင်သာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလု်ပငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာနှစ်ရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း
တောင်သာ နိုဝင်ဘာလ ၂၁
မြင်းခြံခရိုင် ကွပ်ကဲမှုအောက်ရှိ တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့်ဆောင်ရွက်ခဲ့သည့် ကျောက်ရင်းကျေးရွာနှင့်အိုးဘိုကျေးရွာ၏ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အားယနေ့နံနက်ပိုင်းအချိန်က သွားရောက်ကွင်းဆင်းခဲ့ကြောင်းသိရပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဒေါ်ကြည်ကြည်မာ၊တောင်သာမြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊တာဝန်ရှိသူ အင်ဂျင်နီယာနှင့် စီမံကိန်းတာဝန်ခံများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့နောက် ခရိုင်ဦးစီးမှူးဒေါ်ကြည်ကြည်မာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အရှည်၆၂၅ပေ၊ အကျယ်၁၂လက်မ၊ ၆လက်မထုရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှု့စစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်း များနှင့်အညီပြီးစီးရေး ရှင်းလင်းပြောကြားပါသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ(၁၅) သန်းနှင့် ပြည်သူထည့်ဝင်ငွေများ ပေါင်းစပ်၍ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။