မံစီမြို့နယ်၊ ရီးခူးမံခံကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် သဲကျောက်ခင်းခြင်းနှင့် Pipe Culvert (၃)စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း
===========================================================================================================================================
ကချင်ပြည်နယ်၊ဗန်းမော်ခရိင်၊မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရီးခူးမံခံကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် သဲကျောက်ခင်းခြင်းနှင့် Pipe Culvert (၃)စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်သည့် သဲကျောက်ခင်းခြင်းနှင့် Pipe Culvert (၃)စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီမှ တာဝန်ရှိသူများကို မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
မံစီမြို့နယ်၊ ရီးခူးမံခံကျေးရွာ၌ (၁၃၇၀'x၁၄'x၉")ပေ သဲကျောက်ခင်းခြင်းနှင့် Pipe Culvert (၃)စင်း ဆောက်လုပ်ခြင်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ငွေကျပ်(၁၅)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ယခုနှစ် စက်တင်ဘာလလ ၁၂ ရက်နေ့မှ စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၈၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါသည်။