ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့် ဝန်ထမ်းအဖွဲ့တို့သည် နိုဝင်ဘာ ၁၆ရက် နံနက်၁၀နာရီက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၃၃ဒသမ၉၆သိန်းဖြင့် ရွှေရည်သန့်ကုမ္ပ ဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကံကုန်းကျေးရွာ၌ သန့်ရှင်းသောသောက်သုံးရေ ရရှိစေရန် ပေ (၁၆၀၀×၅) ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို စစ်ဆေးခဲ့ သည်။
ထို့ပြင် ညောင်လန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၅သိန်း စုစု ပေါင်းကျပ် ၁၆၅သိန်းဖြင့် ကျေးရွာတွင်းပြည်သူများ သွားလာရေးအဆင်ပြေစေရန် (၈၄၅'×၈'× ၆'') ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ရေကျော်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံ ကိန်း (VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း၁၅၀၊ ပြည်သူထည့်ဝင် ငွေကျပ် ၂၃သိန်း စုစုပေါင်းကျပ် ၁၇၃သိန်းဖြင့် (၁၁၅၀'×၆'×၆'')ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းတို့ကိုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းပြည့်မီစေရေး သတ်မှတ်ရက်ပြီးစီးစေ ရေးတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။