Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထားဝယ်မြို့နယ် ဇဟာကျေးရွာ၌ ကွန်ကရစ်လမ်းခင်းနေမှုစစ်ဆေး

13 November 23

ထားဝယ် နိုင်ဝင်ဘာလ

     တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇဟာကျေးရွာ၌ ဒေသခံပြည်သူများလမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်ရည်ရွယ်၍ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးလှိုင်အေး၊  ထားဝယ်ခရိုင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ဒေါ်သာသာရီ၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးသီ၊တာဝန်ခံအင်ဂျင်နီယာနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဇဟာ ကျေးရွာ၌ အရှည်ပေ ၇၅၀၊ အကျယ်၁၀ပေ၊ အမြင့် ၆ လက်မ၊ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို (အပိုင်း-၁)ကို လည်းကောင်း၊ အရှည်ပေ ၇၅၀၊ အကျယ်၁၀ပေ၊ အမြင့် ၆ လက်မ၊ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အပိုင်း(၂)ကို လည်းကောင်း ဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးလှိုင်အေးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ မှာကြားသည်။

       ဇဟာကျေးရွာ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းရန်ပုံငွေကျပ် သန်း(၃၀)အသုံးပြု၍ ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုနှစ် အောက်တိုဘာလက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးလှိုင်အေးက ပြောပြ၍ သိရသည်။