သန်လျင်ခရိုင် သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း၊ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း၊ခေတ်မီစံပြကျေးရွာစီမံကိန်း၊ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင် ခြင်းလုပ်ငန်းနှင့်ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုဝင်ဘာလ၁၅ရက်နေ့က သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြသည်။
ယင်းသို့ စစ်ဆေးရာတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးစက်ရေတွင်းနှင့်အမြင့်ရေစင် ဆောင်ရွက်နေမှု၊စီးပွားဖြစ် အသားတိုးဝက်မွေးမြူမှု၊ခေတ်မီစံပြကျေးရွာ ထူထောင်နေမှု၊မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းလည်ပတ်နေမှု၊ကျေးလက်လမ်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ် ဆေးပြီး တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ကုမ္ပဏီများ၊ကျေးရွာ တာဝန်ရှိသူများအား လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ သည်။
သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။