ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျားဝင်း၊ မင်းရွာ၊ ကဒ္ဒပန ကျေးရွာ သုံးရွာတို့၌ မြစိမ်းရောင်စီမံကိန်း အတိုးရငွေ၊ ပြည်သူ့ထည့်ဝင်ငွေများဖြင့် သွားလာရေး အဆင်ပြေ စေရန် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် လျာထားသည့်နေရာများကို သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းနုဝေ၊ မြစိမ်းရောင်စီမံကိန်း တာဝန်ခံ၊ တာဝန်ခံ အင်ဂျင်နီယာ၊ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရပ်မိရပ်ဖများက နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီတွင် ကွင်းဆင်းကြည့်ရှု တိုင်းတာစစ်ဆေးစဉ်။