ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့်အဖွဲ့တို့သည် နွေရာသီကာလတွင် သောက်သုံးရေဖူလုံစွာရရှိစေရေး အတွက် ရေရရှိရေးလုပ်ငန်းများကို နိုဝင်ဘာ ၁၀ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မြတ်ကောင်းကင်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ဝင်းပိုင်းရွာသစ်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံနှင့် ရေစုကန်တည် ဆောက်ခြင်းလုပ်ငန်းနှင့် ပေါက်ပင်ကျေးရွာ၌ သောက်သုံးရေပိုမိုသိုလှောင်နိုင်ရန် ရေကန်အနက်နှိုက် ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ကန်မှရေကန်များအား အခြားရေကန်သို့ ရေလှယ်ယူရန်ကျေးရွာ ကော်မတီရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံ၍ လုပ်ငန်းစတင်ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။