Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပန်းတနော်မြို့နယ်၊စံကျောင်းခေတ်မီစံပြကျေးရွာတွင် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဝင်ငွေရ လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

09 November 23

မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကဇင်းငူကျေးရွာအုပ်စု၊စံကျောင်းခေတ်မီစံပြကျေးရွာတွင်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဝင်ငွေရ

လုပ်ငန်းများအား မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုးနှင့်တာဝန်ရှိသူများက

ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း''(RBF)'' ဖြင့် ဝင်ငွေရလုပ်ငန်းများ ဖြစ်ကြသော ''CP''ဝက်မွေးမြူရေးလုပ်ငန်း၊ သင်ဖြူးလွှာထိုးဖျာထုတ်လုပ်

ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ခေတ်မီစံပြကျေးရွာ၏ ကဏ္ဍ(၆)ခု၏  လုပ်ငန်းစဉ်များမှ ကျေးရွာလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ကျေးရွာဆိုင်းဘုတ်ပြုလုပ်ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျေးရွာ

သူ/ ကျေးရွာသားများအား  စွန့်ပစ်ပစ္စည်းများကို စနစ်တကျစုဆောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး သဘာဝဓါတ်မြေဩဇာ အဖြစ် ပြုလုပ်သုံးစွဲနည်း အသိပညာပေးဟောပြောခြင်းနှင့် ''E.M  Bokashi'' ဖြင့်ရောစပ်၍ သဘာဝ

မြေဩဇာ အဖြစ် လက်တွေ့ပြုလုပ်ခြင်းများအား  ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။