Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်မီးသွေးကုန်းကျေးရွာတွင် VDP စီမံကိန်းဖြင့်သုသာန်သွားလမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး (၈.၁၁.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ

08 November 23

မိုးကောင်းမြို့နယ်မီးသွေးကုန်းကျေးရွာတွင် VDP စီမံကိန်းဖြင့်သုသာန်သွားလမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး (၈.၁၁.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ  

မိုးကောင်း၊နိုဝင်ဘာ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ရန်ပုံငွေ ဖြင့် မီးသွေးကုန်းကျေးရွာတွင် သုသာန်သွားလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို နိုဝင်ဘာ၆ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် အငယ်တန်းအင်ဂျင်နီယာ(၂)ဦးစိုင်းဆိုင်းခေး တို့ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတာဝန်ခံတို့နှင့်အတူ သုသာန်သွားလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးမြို့နယ် ဦးစီးမှူးက ကျေးရွာကော်မတီဝင်များအားလုပ်ငန်းများသတ်မှတ်စံချိန်းစံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး ဆောင်ရွက် ကြရန်ဆွေးနွေးမှာကြားသည်။

မီးသွေးကုန်းကျေးရွာတွင် စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် သိန်း ၁၅၀ အသုံးပြု၍ အရှည်ပေ၂၅၀၊ အကျယ် ၁၆ ပေ၊ထု ၆ လက်မရှိ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကိုကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၅၀ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ် ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းကပြောပြ၍ သိရသည်။

 (၈.၁၁.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ စာမျက်နှာ (၈)ကော်လံ(၄/၅/၆)တွင်ပါရှိသည်။