မလှိုင်မြို့နယ် သြဇာခြံကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဆောင်ရွက်ထားရှိမှုအခြေအနေကွင်းဆင်း စစ်ဆေး
မလှိုင် နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယာကြီးကုန်းကျေးရွာအုပ်စု၊ သြဇာခြံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)လုပ်ငန်းများ ဆောင်ရွက်နေမူကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ ဦးစီးအရာရှိ ဒေါ်အေးမိုးခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ ယာကြီးကုန်းကျေးရွာအုပ်စု၊ သြဇာခြံကျေးရွာရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ နိုင်ငံတော်ပံ့ပိုးငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၅၃၉၇၀၀၀အသုံးပြု၍ အရှည်ပေ ၈၀၀၊ အကျယ် ၁၂ပေ၊ အမြင့် ၆လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။