Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြင်ဦးလွင်မြို့နယ် နောင်လှိုင်ကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

10 November 23

ပြင်ဦးလွင်မြို့နယ် နောင်လှိုင်ကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

ပြင်ဦးလွင် နိုဝင်ဘာလ ၁၀ ရက်

            ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် မြေသားရေကန်တူးဖော်ခြင်း (၂၀၀’×၁၁၀’×၆’) ၊ Chain Link ကာရံခြင်း (၇၈၀’×၅’) နှင့် တုံ                     ကင်(၄)စုံတပ်ဆင်ခြင်း လုပ်ငန်းအား နောင်လှိုင်ကျေးရွာအုပ်စု နောင်လှိုင်ကျေးရွာ တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

            အဆိုပါမြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းအား ခရိုင်ဦးစီးမှူး ဦးဇေယျာညို၊ မြို့နယ်ဦးစီးမှူး ဦးထိုက်နှင့် တာဝန်ခံအင်ဂျင်နီယာများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါ သည်။

            ဆက်လက်၍ ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညိုမှ အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာရေကော်မတီများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါ သည်။