Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရသေ့‌တောင်မြို့နယ် ဆင်ပိုက်ကျေးရွာ လုပ်အားခပေးဖွံ့ဖြိုးရေး (Cash For Work) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်

09 November 23

 ရသေ့တောင်မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရသေ့တောင်မြို့နယ်အတွင်း ကျေးရွာ (၁၀)ရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြေသားရေကန်တာဘောင်မြှင့်တင်ခြင်းလုပ်ငန်းအား လုပ်အားခပေးဖွံ့ဖြိုးရေး (Cash For Work)စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။မိုခါဆိုင်ကလုန်း မုန်တိုင်းဒါဏ်ကြောင့် မိသားစုဝင်ငွေနည်းပါးမှုအား ကုစားနိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် (၁၀)သန်းစီဖြင့် ကျေးရွာလူထုများမှ ဝင်ငွေရရှိစေရန် သောက်သုံးရေကန်များ တာဘောင်မြှင့်တင်ခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။