Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်တွေမြို့နယ် ချောင်းနွယ်ကျေးရွာ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း(CFW)ဖြင့်ဆောင်ရွက်သည့်လုပ်ငန်းပြီးစီးမှု အခြေအနေများအား ကွင်းဆင်းဆောင်ရွက်ခြင်း

08 November 23

စစ်တွေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီ (လက်ထောက်ညွှန်ကြားရေးမှူး)၊ တာဝန်ခံအင်ဂျင်နီယာ ​ဒေါ်နှင်းမြတ်သိန်း(ဦးစီးအရာရှိ (နည်းပညာ)) ၊ နှင့်အဖွဲ့တို့သည်     ၂၀၂၃−၂၀၂၄ခု ဘဏ္ဍာရေးနှစ် အမျိုးသား သဘာဝဘေးအန္တယ်ရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေ လုပ်အားခပေးဖွံ့ဖြိုး ရေးလုပ်ငန်းစီမံကိန်း(CFW)ဖြင့် ဆောင်ရွက်လျက်ရှိသည့်  စစ်တွေမြို့နယ် ချောင်းနွယ် ကျေးရွာအုပ်စု ၊ ချောင်းနွယ်ကျေးရွာတွင် မြေသားရေကန် တာဘောင်မြင်တင် ခြင်းလုပ်ငန်း  ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့သည်။

          စစ်တွေမြို့နယ်အတွင်း အဆိုပါရန်ပုံငွေဖြင့် ကျေးရွာ(၁၀)ရွာ၌ ကျေးရွာ(၁)ရွာလျှင်  ခွင်ပြုငွေ (၁၀.၀)ကျပ်သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။