ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေ
ခြင်းဖြင့် ဆင်းရဲမှုနှုန်းကိုလျော့ချရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက်အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင်
အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များအတိုင်း မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်သော ဦးတိုကျေးရွာသို့ နိုဝင်ဘာလ
(၈) ရက်နေ့ နေ့လည်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်နှင့် ဝန်ထမ်းများကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ခု
ဘဏ္ဍာရေးနှစ်မှစတင်ခဲ့သော အလမျိုးချောင်းဖျား+ဦးတိုကျေးရွာသည် ယခုနှစ် (အဌမနှစ်စက်ဝန်း) အတွက် လည်ပတ်ရန်ပုံငွေဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်စီမံကိန်းအတိုးရငွေ
(၅၀%) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအား ပထမဆုံးအကြိမ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်း 0.4 KV Line ( ၅၁၅ပေ) ဆောင်ရွက်သည်မှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်းနှင့် အလမျိုးချောင်းဖျား+ ဦးတိုကျေးရွာရှိ အိမ်ခြေ ( ၁၈၂ ) ၊အိမ်ထောင်စု(၁၈၂) ၊ လူဦးရေ ( ၆၈၄ ) အကျိုးပြုလျက်ရှိပါသည်။