Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

08 November 23

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ထုံးကြီး ကျေးရွာ၌ ပြည်သူများ သောက်သုံးရေ အားထားရသော ဧရိယာပေ ၁၅၀၀ ရှိ ရေကန်သန့်ရှင်း သာယာလှပစေရေး၊ ဉပဓိရုပ် ကောင်းမွန်စေရေး၊ တိရစ္ဆာန်များ ဝင်ရောက်မှုမရှိစေရေး အမြင့် ၅ ပေ ရှိ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို Sein Tan Tine Co.ltd က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          အဆိုပါလုပ်ငန်းခွင်သို့ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီး အရာရှိ(နည်းပညာ) ဒေါ်ယမင်းသူနှင့်အဖွဲ့၊ ကလောချယ်ရီလုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့၊ ကုမ္ပဏီတာဝန်ခံတို့နှင့်အတူ နိုဝင်ဘာ (၄)ရက် နံနက်(၁၁)နာရီခွဲက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လုပ်ငန်းများအား အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး အလေးထားလုပ်ဆောင်ကြရန်နှင့် ကျေးရွာ ရေကော်မတီများအား လုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။