နိုဝင်ဘာလ ၊ ၈ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် နေကြာစိုက်တောင်သူများ လိုအပ်လျှက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရေး အတိုးနှုန်းသက်သာသောချေးငွေများ ပံ့ပိုးပေးရန်ရည်ရွယ်၍ ဆုံလဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ဒုတိယအကြိမ် ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ခိုင်ပြည်ဖြိုးသူ (ဦးစီးအရာရှိ-နည်းပညာ) နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းများ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ငွေကျပ် (၁၀၀) သိန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့နောက် ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ခိုင်ပြည်ဖြိုးသူ (ဦးစီးအရာရှိ-နည်းပညာ)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျောင်းကုန်းကျေးရွာတွင် ဒုတိယအကြိမ်အဖြစ် နေကြာစိုက်တောင်သူ ၃၁ ဦးကို၊ စိုက်ဧက (၄၀)အတွက် ငွေကျပ် (၁၀၀)သိန်း ထုတ်ချေးပေးခဲ့ပါသည်။