ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကွပ်ကဲမှုအောက်ရှိ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ညောင်ငူကျေးရွာအုပ်စု၊ညောင်ငူကျေးရွာ ကုန်ထုတ်လမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ကျောင်းအိုင်ကျေးရွာအုပ်စု၊ကျောင်းအိုင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် Box Culvert (၄)စင်းလုပ်ငန်းအား ခရိုင်ဦးစီးမှူးနှင့် ခရိုင်တာဝန်ခံများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။