Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ " RWS-MIS သင်တန်း" ဆင်းပွဲ အခမ်းအနားကျင်းပခြင်း

03 November 23

စစ်ကိုင်း  နိုဝင်ဘာ  ၃

               သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဆောင်စီမံခန့်ခွဲမှု‌အောက်ရှိ ခရိုင်၊မြို့နယ်များမှ ဝန်ထမ်းများအား ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်  အဆင်ပြေလွယ်ကူစေပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရေးအတွက်  " RWD-MIS "သင်တန်းဆင်းပွဲ အခမ်းအနားကို  နိုဝင်ဘာလ ၃ ရက်နေ့ ညနေခင်းပိုင်း (၃)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး၊ဒေါ်ယဉ်ယဉ်မေမှ သင်တန်းသူ/သားများအနေဖြင့် ယခုလို "RWS-MIS" သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြင့်  သင်တန်းမှ သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချတတ်စေရန် နှင့် သင်တန်း၏ ရည်ရွယ်ချက်များဖြစ်သည့် RWS-MIS Tools ဖြင့် ကျေးရွာများ၏ လက်ရှိရေသုံးစွဲမှု အချက်အလက်များ ကောက်ယူ၍ ဒေသနှင့်ကိုက်ညီသည့် ရေပေးရေးလုပ်ငန်းအမျိုးအစားများအား ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းသစ်များ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်လျာထားဆောင်ရွက်နိုင်ရန်စေရန် ရည်ရွယ်ပါကြောင်း ထပ်မံပြောဆိုခဲ့ပါသည်။

               အဆိုပါသင်တန်းသို့  ခရိုင်၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ   In-house learning ဖြင့် ကျား(၁၁)ဦး၊ မ(၁၄)ဦး နှင့် Video conferencing  ဖြင့် ကျား(၃)ဦး၊ မ(၁၃)ဦး  စုစုပေါင်း(၄၁)ဦး  တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများ (ကိုယ်စား) သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောဆိုခဲ့ပြီး ၊ သင်တန်းဆရာမမှ  သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် RWS-MIS နှင့် ပတ်သက်သည့် သင်ခန်းစာများကို  စုစုပေါင်း(၃)ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။

 ကိုမြတ်