စစ်ကိုင်း နိုဝင်ဘာ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်ရှိ ခရိုင်၊မြို့နယ်များမှ ဝန်ထမ်းများအား ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရေးအတွက် " RWD-MIS "သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ဒေါ်ယဉ်ယဉ်မေမှ သင်တန်းသူ/သားများအနေဖြင့် ယခုလို "RWS-MIS" သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြင့် သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိအောင် ပြန်လည်အသုံးချပြီး မိမိတို့၏စွမ်းဆောင်ရည်များ စဉ်ဆက်မပြတ်တိုးတက်အောင် ကြိုးစာကြရန် နှင့် သင်တန်းကာလ(သင်တန်းချိန်)အတွင်း သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ဝင်တစ်စား ကြိုစားသင်ယူကြစေလိုကြောင်း မှာကြားခဲ့ပါသည်။တစ်ဖန် ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်အိခင်ညို( နည်းပညာ)မှ သင်တန်း၏ ရည်ရွယ်ချက်များဖြစ်သည့် RWS-MIS Tools ဖြင့် ကျေးရွာများ၏ လက်ရှိရေသုံးစွဲမှု အချက်အလက်များ ကောက်ယူ၍ ဒေသနှင့်ကိုက်ညီသည့် ရေပေးရေးလုပ်ငန်းအမျိုးအစားများအား ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းသစ်များ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်လျာထားဆောင်ရွက်နိုင်ရန်စေရန် ရည်ရွယ်ပါကြောင်း ထပ်မံပြောဆိုခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ခရိုင်၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ In-house learning ဖြင့် ကျား(၁၁)ဦး၊ မ(၁၄)ဦး နှင့် Video conferencing ဖြင့် ကျား(၃)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် RWS-MIS နှင့် ပတ်သက်သည့် သင်ခန်းစာများကို စုစုပေါင်း(၃)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ကိုမြတ်