မိုးညှင်းမြို့နယ် ညောင်ပင်သာကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး (၂၈.၁၀.၂၀၂၃ ရက်နေ့ မြဝတီရုပ်သံသတင်း)
မိုးညှင်း အောက်တိုဘာ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောညောင်ပင်သာကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း ကို အောက်တိုဘာ ၂၇ ရက်နံနက်(၁၀) နာရီအချိန် က တာဝန်ရှိသူများမှသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊မြို့နယ်ဦးစီးမှူးဦးဌေးမြင့်၊ တာဝန်ခံဂျင်နီယာ ဦးသက်တင်ဦးတို့က ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်တေွ့ဆုံကာမြစိမ်းရောင် ကျေးရွာ စီမံကိန်းအတိုးရငွေ ၅၀% နှုန်းဖြင့်ငွေကျပ်သိန်း၁၈၀နှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း ၂၀ စုစုပေါင်းငွေကျပ်သိန်း ၂၀၀ ဖြင့် ဆောင်ရွက်သည့် အလျားပေ ၄၀၊ အနံပေ ၂၀ နှင့် အမြင့် ၁၂ ပေ ရှိ အုတ်ရိုးစီ၊ သစ်သားတိုင်ထောင် နှင့် နံကပ်အမျိုးအစားအဆောက်အအုံတည်ဆောက်မှုကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
(၂၈.၁၀.၂၀၂၃)ရက်နေ့ မြဝတီရုပ်သံ နံနက်(၉)နာရီ သတင်းတွင်ပါရှိသည်။