မိုးကောင်းမြို့နယ်ကြာကြီးကွင်းကျေးရွာတွင် VDP စီမံကိန်းဖြင့်ကျေးရွာတွင်းသဲကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး (၃၁.၁၀.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ နှင့် (၃၀.၁၀.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ
မိုးကောင်း၊အောက်တိုဘာ ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ရန်ပုံငွေနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေတို့ဖြင့် အုန်းဘောင်ကျေးရွာအုပ်စု ကြာကြီးကွင်းကျေးရွာ တွင် ကျေးရွာတွင်း သဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတာဝန်ခံတို့နှင့်အတူ ကြာကြီးကွင်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးမြို့နယ်ဦးစီးမှူးက ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ ကာ လုပ်ငန်းများသတ်မှတ်စံချိန်းစံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး ဆောင်ရွက် ကြရန်ဆွေးနွေးမှာကြားသည်။
ကြိုးကြာကွင်းကျေးရွာတွင် စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် သိန်း ၁၅၀ အသုံးပြု၍ အရှည်ပေ၁၅၀၀၊ အကျယ် ၁၆ ပေ၊အမြင့် ၇ လက်မရှိ သဲကျောက်ခင်းခြင်းလုပ်ငန်းကိုကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် အောက်တိုဘာလ ဒုတိယပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၅၀ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းကပြောပြ၍ သိရသည်။
(၃၁.၁၀.၂၀၂၃)ရက်နေ့ရတနာပုံသတင်းစာ စာမျက်နှာ(၅)ကော်လံ(၁/၂/၃/၄)တွင် လည်းကောင်း (၃၀.၁၀.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ စာမျက်နှာ (၅)ကော်လံ(၁/၂)တွင်လည်းကောင်း ပါရှိသည်။